လော်ပန်စက်ရုံကို ၂၀၁၃ ခုနှစ်မှာ ၃၄၀ မီတာစက်နဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ လော်ပန်မှ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့မုန့်ကတော့ ပုဂံဘီစကစ်ဖြစ်ပြီး ရွှေမြန်မာတို့ရဲ့ မြတ်နိုးရတဲ့ ပုဂံမြို့တော်ကို အမှတ်အသားပြုပြီး ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လော်ပန်စက်ရုံမှ ထုတ်လုပ်ခဲ့တဲ့ မုန့်တွေကတော့
- ပုဂံဘီစကစ်
- လော်ပန်နို့ကွတ်ကီး
- ရွှေပင်ငွေပင်
- ဆိမ့်ဆိမ့်လေး
- လော်ပန် ကြက်သားအရသာ
- ရွှေပင်ငွေပင် နှမ်းကပ်ကွတ်ကီးတို့ပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဘီစကစ်ကနေ ကလေးငယ်တွေအတွက် မုန့်ခြောက်ထုပ်တွေဖြစ်တဲ့ အေဘီစီ ၊ ၁၂၃ s၊ ကကြီးခခွေးတွေကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။
ဘီစကစ်အပြင် သန့်ရှင်းလတ်ဆတ်တဲ့ ပေါင်မုန့်တွေကိုပါ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ သူဌေးသား ဘီစကစ်စက်ရုံကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ သူဌေးသား စက်ရုံကနေ သက်နိုင်မုန့်ကြွပ် ၊ လစ်ပို ၊ သခွားမွှေး ၊ ကော်ဖီအရသာသုံးမျိုးရှိတဲ့ သူဌေးသား ဘီစကစ်တို့ကို ထုတ်လုပ်ခဲ့ပါတယ်။