လော်ပန်ကုမ္ပဏီမိသားစု၏ သိန်း(၂၀၀)ကျပ် ဝိဟာရဒါန ကျောင်းအလှူတော် 🌼🌼🌼

Lawe Pan Food Distribution Co., Ltd.

🙏 မြတ်ဗုဒ္ဓ ၏ သာသနာတော်မြတ်ကြီး အရှည်ခံ့တည်တ့န့်စေရန်ရည်ရွယ်၍ သာသနာတော်အတွက်အထောက်အပံ့ဖြစ်စေရန်အလို့ငှါ ဦးအောင်ဝင်း+ဒေါ်ခင်ပြုံးဝင်း မိသားစု (လော်ပန်ကုမ္ပဏီ)မှ ဝိဟာရဒါန ကျောင်းအလှူတော်အဖြစ်

🙏 ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့၊ဘုရင့်နောင်လမ်းရှိ “ညောင်ပင်သာ ကျောင်းတိုက်”အတွင်း သီတင်းသုံး သာသနာပြုတော်မူနေသော မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တမာလာစာရ (ကမ္မာဋ္ဌာနစရိယ၊ဓမ္မာစရိယ) နယ်လှည့်မိုးကုတ်ဓမ္မကထိက ပြည်တွင်း ပြည်ပ သာသနာပြုဆရာတော်ဘုရား ကိုယ်တိုင် “မ”တည် ဆောက်လုပ် လှူဒါန်းလျှက်ရှိသော ယောဂီ(၁၅၀၀))ဆန့် “နှစ်ထပ် ဓမ္မဗိမာန်တော်ကြီး”အတွက် ဝိဟာရဒါန ကျောင်းအလှူတော်ငွေ

🌹 ပထမအကြိမ်အလှူတော်ငွေ သိန်း(၁၀၀)ကျပ်ကို(၁၇.၁.၂၀၂၁)နေ့တွင်လှူဒါန်းခဲ့ပြီး

🌹 ဒုတိယအကြိမ် အလှူတော်ငွေ သိန်း(၁၀၀)ကျပ်ကို ယနေ့(၃၁.၁.၂၀၂၁)နေ့တွင် ဆရာတော်ထံ နိဗ္ဗာန်ရည်မှန်းလှူဒါန်းပါသည်။ စုစုပေါင်းသိန်း(၂၀၀)ကျပ်လှူဒါန်းပြီးဖြစ်ပါသည်။

🌼 အလှူရှင်မိသားစုများနှင့် ဤကုသိုလ်ကောင်းမှုပွဲဖြစ်မြောက်အောင် နှိုးဆော်တိုက်တွန်းကြသူများ, ဝေယျာဝစ္စဆောင်ရွက်ကြသူများအားလုံး

  • အနာရောဂါ ကင်းရှင်းကြပါစေ။
  • ကိုယ်ဆင်းရဲ ကင်းကြပါစေ။
  • စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
  • တရားထူး တရားမြတ်ကို ကျင့်ကြံပွါးများ အားထုတ်၍ လွယ်ကူစွာ ရရှိနိုင်ကြပါစေ။

❇ ငါတို့လှူဒါန်း၊ ဒါနစွမ်းကြောင့်၊ ရဟန်း ရှင်လူ၊ စိတ်မပူ၊ စင်ဖြူတရားတိုးပါစေ။

❇ ငါတို့ကြိုးပမ်း၊ မေတ္တာစွမ်းကြောင့်၊ ရ ဟန်းရှင်လူ၊ စိတ်မပူ၊ စင်ဖြူတရားတိုးပါစေ။

❇ နှောင့်ယှက်ရောဂါ၊ ကင်းစင်ကွာ၍၊ ကျန်းမာရွှင်လန်း၊ မေတ္တာစွမ်း၊ အေး ချမ်းကြပါစေ။

❇ သက်ရှည်ကျန်းမာ၊ သာသနာကို၊ ညီညာလက်တွဲ၊ စောင့်ရှောက်မြဲ၊ လွန်ကဲ မေတ္တာတိုးပါစေ။

(၃၁.၁.၂၀၂၁)တနင်္ဂနွေနေ့